ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသော အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း တင်ကျန်ခဲ့သော နုန်းမြေများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက် နံနက် ၇ နာရီတွင် ကလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများရွှေ့ပြောင်းခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။