မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ရေပြန်လည်ကျဆင်းသွားသော ထူးတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်များနှင့် သောက်သုံးရေကန်များတွင် တင်ကျန်ခဲ့သော နုန်းမြေများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးနှင့် သာစည်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၄ နာရီတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။