Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ မြသစ္စာလမ်းနှင့် ရှေ့သို့လမ်းထောင့်တွင် နေအိမ်မီးလောင်မှု

      ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ မြသစ္စာလမ်းနှင့် ရှေ့သို့လမ်းထောင့်တွင် ပိုင်ရှင် ဦးကျော်ဟန်၏ ၃၅x၅၈ ပေ၊ သွပ်မိုး RC နှစ်ထပ်နေအိမ်အပေါ်ထပ် ဘုရားခန်းရှိ Aircon အသုံးပြုရာတွင် Safeguard မခံဘဲ တိုက်ရိုက်အသုံးပြုသောကြောင့် ဝိုင်ယာရှော့ဖြစ်ပြီး အနီးရှိခန်းစီးလိုက်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၅ စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၃၅x၅၈ ပေ၊ သွပ်မိုး RC နှစ်ထပ်နေအိမ်အပေါ်ထပ်ရှိ Aircon တစ်လုံး၊ ဘီဒိုနှစ်လုံးနှင့် အဝတ်အထည်များ၊ နှစ်ပေပတ်လည်မျက်နှာကြက် ၁၀၀ ချပ် မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးကျော်ဟန်အား မုံရွာမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။