Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းသုံးခွကျေးရွာတွင် နေအိမ်မီးလောင်မှု

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက် နံနက် ၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ထန်းသုံးခွကျေးရွာတွင် ပိုင်ရှင် ဦးအောင်နိုင်ဝင်း၏ ၁၅x၁၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ဝါးကြမ်းခင်း တစ်ထပ်နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်းတည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ၁၅x၁၅ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ဝါးကြမ်းခင်း တစ်ထပ်နေအိမ် တစ်လုံးနှင့် ၂၀x၂၀ ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ စုစုပေါင်း နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်နိုင်ဝင်းအား ပေါင်းတည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။