၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက် နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်း၊ အမှတ်(၈၃၄)နေ ပိုင်ရှင် ဦးမောင်မောင်မြင့်၏ ၅၀x၆၀ ပေ၊ နှစ်ထပ် အုတ်ညှပ်အဆောက်အအုံ နေအိမ်အတွင်း စက္ကူခွက်လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်ဒါးမိန်း ရှော့ဖြစ်ရာမှ မီးပွားထွက်ပြီး အောက်ရှိစက္ကူချပ်များပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၃၈ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၅၀x၆၀ ပေ နှစ်ထပ် အုတ်ညှပ်အဆောက်အအုံ တစ်လုံး၊ စက္ကူခွက်လုပ်စက် လေးလုံး၊ ပါဝါမီတာ နှစ်လုံး၊ အိမ်သုံးမီတာ တစ်လုံး၊ Air Con Indoor ငါးလုံးနှင့် စက္ကူချပ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးမောင်မောင်မြင့်အား မရမ်းကုန်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။