၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက် နံနက် ၇ နာရီ ၅၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ပြောင်းပြာချောင်းရေ မြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရှိ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့၌ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ရေဝင်ရောက်နေသော အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့မှ အိမ်ထောင်စု ၁၅၀ စု၊ အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၁၅၀ ဦး တို့အား ရေဘေးလွတ်ရာ ဆွေမျိုးများအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။