၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် နံနက် ၁ နာရီ ၂၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ ညောင်ပင်ကြီးလမ်းတွင် ပိုင်ရှင် ဦးသင်းဆွေ၏ ၁၈x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ခံ နှစ်ထပ်နေအိမ်၌ လုံခြုံရေးမီးဖွင့်ထားရာမှ ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၈x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ အုတ်ခံ နှစ်ထပ်နေအိမ် တစ်လုံးနှင့် ၁၈x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးသင်းဆွေအား ထားဝယ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။