လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ မော်လမြိုင်-မန္တလေး ခရီးသည်တင် မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကိုကိုနိုင်(ခ)ကိုနိုင် တရားမဝင် သယ်ဆောင်လာသည့် ပစ္စတိုသေနတ် ၁၆ လက်နှင့် ကျည်မျိုးစုံ ၅၃၀ တောင့်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ အောက်တိုဘာ ၂၄ ရက် နံနက် ၁၁ နာရီတွင် ပူးပေါင်းအဖွဲ့သည် လက်နက်ခဲယမ်းများအား လက်ခံ၍ စစ်ကိုင်းတိုင်းဒေသကြီးသို့ ဆက်လက်သယ်ဆောင်မည့် အောင်ဇင်သူအား မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၈ x ၈၅ လမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများအား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဉ်။