၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက် နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ကျေးရွာ၊ အလောင်းဘုရားလမ်း၊ ငါးပိ၊ ငါးခြောက် ဇုန်(၁)တွင် ပိုင်ရှင် ဦးမင်းထွေး၏ ၅၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် အဆောက်အဦ၌ မီးသွေးမီးဖိုဖြင့် ငါးကြပ်တင်ထားရာမှ ဝါးကပ်စင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၆ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၅၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် အဆောက်အဦ တစ်လုံးနှင့် ၁၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း တစ်ထပ်နေအိမ် တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး အလုပ်သမား ဦးစည်းစိမ်အောင်အား သရက်ချောင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။