ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ကြက်သား တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ်နှုန်း၊ ဝက်သား တစ်ပိဿာလျှင် ၁၆,၀၀၀ ကျပ်နှုန်း၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်နှုန်း၊ ကြက်ဥ တစ်လုံးလျှင် ၃၀၀ ကျပ်နှုန်း၊ နွားနို့ တစ်ဗူးလျှင် ၂,၂၀၀ ကျပ်နှုန်းနှင့် ရာသီသီးနှံဟင်းသီးဟင်းရွက်များဖြစ်သော ချဉ်ပေါင်ရွက် တစ်စည်းလျှင် ၁၀၀ ကျပ်နှုန်း၊ ကန်မွန်းချဉ်ရွက် တစ်စည်းလျှင် ၃၀၀ ကျပ်နှုန်း၊ ကြက်ဟင်းခါးသီး တစ်လုံးလျှင် ၁၀၀ ကျပ်နှုန်း၊ ဗူးသီးတစ်လုံးလျှင် ၁,၀၀၀ ကျပ်နှုန်း၊ မုန်လာဥ တစ်စည်းလျှင် ၅၀၀ ကျပ်နှုန်း၊ ဆူးပုတ်ရွက် တစ်စည်းလျှင် ၃၀၀ ကျပ်နှုန်း၊ ရုံးပတီသီးတစ်စည်းလျှင် ၁၀၀ ကျပ်နှုန်း၊ ငွေနှင်းမှို တစ်ထုပ်လျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ကြက်သား၊ ဝက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။