Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းရှိ တိုက်ခန်း မီးလောင်မှု

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် နံနက် ၃ နာရီ ၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ သီရိမင်္ဂလာလမ်းတွင် ၁၃x၆၀ ပေ၊ သုံးခန်းတွဲ၊ သုံးထပ် အဆောက် အအုံ၏ ပထမထပ်(ဘယ်ဘက်အခန်းနှင့်အလယ်ခန်း) အခန်းချင်းဆက် နှစ်ခန်းတွဲ ပိုင်ရှင် ဦးအာကာ၏ ၂၆x၆၀ ပေ အခန်းတွင်း၌ ၎င်း၏သားဖြစ်သူ ဦးစာမရီအာကာမှ မွေ့ယာပေါ်တွင် Power Bank အားသွင်းထားစဉ် အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
      အဆိုပါမီးလောင်မှုကြောင့် အမျိုးသား တစ်ဦး(သေဆုံး)၊ ရေခဲသေတ္တာ တစ်လုံး၊ သစ်သားဘီဒို နှစ်လုံးနှင့် ဆက်တီ တစ်စုံတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ဦးစာမရီအာကာ(သေဆုံး)အား စမ်းချောင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။