၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ “ဝဝ” ရပ်ကွက်၊ ပြည်ကြီးမင်္ဂလာကားကြီးကွင်းရှိ ၄၀x၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နှစ်ထပ် “ခေတ်သစ်မနော” ကားဂိတ် အဆောက်အအုံ၏ အောက်ထပ် မျက်နှာကြက်ရှိ LED မီးသီးအပူလွန်ကဲပြီး အောက်ရှိမွေ့ယာပေါ်သို့ မီးပွားကျရာမှ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်း၊ ပြည်ကြီးတံခွန်မြို့နယ် မီးသတ်စခန်းနှင့် မြစ်ငယ်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၄၀x၆၀ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း၊ နှစ်ထပ် အဆောက်အအုံ တစ်လုံးနှင့် ကားဂိတ်အပြင်တွင် ရပ်တန့်ထားသော MDY-14/XXXX NISSAN DIESEL ၁၂ ဘီးယာဉ်၏ ခေါင်းပိုင်း မီးလောင်ဆုံးရှုံးခဲ့ပြီး တာဝန်ခံ ဦးကျော်မင်းခိုင်အား အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။