Language: Myanmar English

ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ဝက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံ ဟင်းသီးဟင်းရွက်များအား နေပြည်တော်ရှိ ရုံး/ဌာနများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

     ပြည်ထဲရေးဝန်ကြီးဌာန၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသည့် ဝက်သား၊ ငါး၊ ကြက်ဥ၊ နွားနို့နှင့် ရာသီသီးနှံ ဟင်းသီးဟင်းရွက်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထားဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

၁၃-၁၂-၂၀၂၄ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများရှိ ဝန်ထမ်းများထံသို့ ဝက်သား၊ ငါး၊

 ကြက်ဥ၊ နွားနို့နှင့် ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေသည့် မှတ်တမ်းဓာတ်ပုံ။