Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်၊ မင်းနန္ဒာလမ်းတွင် မော်တော်ယာဉ် မီးလောင်မှု 

     ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၃ နာရီ ၃၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်၊ ၁/အနော်မာရပ်ကွက်၊  မင်းနန္ဒာလမ်းတွင် ပိုင်ရှင် ဦးအောင်ကိုကို၏ ယာဉ်အမှတ် YGN-21 (7I/XXXX) MAZDA AXELA (အဖြူရောင်) အိမ်စီးကားသည် ကားစက်နှိုးထားစဉ် Dashboard အတွင်း သွယ်တန်းထားသော လျှပ်စစ်ဝိုင်ယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃  နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် MAZDA AXELA (အဖြူရောင်)၏ အတွင်းခန်း၊ ရှေ့လေကာမှန်၊ နောက် လေကာမှန်၊ ဘေးတံခါး လေးချပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ကိုကိုအား သာကေတမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိပါသည်။