နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
အကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးရှေ့ရှိ လမ်းဘေးအသုပ်ဆိုင်၌ ထိုင်နေသည့် အဆိုပါရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ဦးဇော်မင်းထွန်း(၅၂)နှစ်အား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခြင်း၊ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ရွှေဝတ်မှုံလမ်းဆုံ၌ အမှတ်(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတင်ဇော်ဦးနှင့် ဇနီးတို့အား ပစ်ခတ်သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ ဖျာပုံလမ်း၊ အိမ်အမှတ်(၃၁)၊ ပန်းလှိုင်မိသားစုဆေးခန်းရှေ့ရှိ Generator မီးစက်အသေး နှစ်လုံးအနီး၌ မိုင်းထောင်ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ပြည်သူများ၏ မော်တော်ယာဉ် ခြောက်စီးနှင့် နေအိမ်သုံးမီးစက် နှစ်လုံး၊ စီးပွားရေးလုပ်ငန်းအသုံးပြုသည့် ဆိုင်းဘုတ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။
ဖော်ပြပါပြစ်မှုများကို ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ စုံစမ်းဖော်ထုတ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပြစ်မှုကျူးလွန်သူ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ(၂၈)နှစ်၊(ဘ)ဦးစိန်ဝင်း၊ အမှတ်(၁/က)၊ စစ်ကိုင်းလမ်း၊ အမှတ်(၉)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသူအား လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ စစ်ကိုင်းလမ်း၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ပူးပေါင်းကျူးလွန်သူများဖြစ်ကြသည့် တင်ဝင်းလှိုင်(ခ)အငယ်လေး(၃၆)နှစ်(ဘ)ဦးသန်းမြင့်၊ အမှတ်(၂၇/ခ)၊ စစ်ကိုင်းလမ်း၊ အမှတ်(၁၀)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်နေသူအား နေအိမ်၌လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်တွင် တရားခံ မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်း(၄၀)နှစ်(ဘ)ဦးတင်ထွန်း၊ “ပဒေသာဦး” အဆောင်၊ နတ်မောက်လမ်း၊ အမှတ်(၉)ရပ်ကွက်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေသူအား အမှတ်(၉)ရပ်ကွက်၊ ဆင်ဖြူရှင်လမ်းပေါ်ရှိ ၎င်းဖွင့်လှစ်ထားသည့် ကွမ်းယာဆိုင်၌လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျပါ သုံးဦးတို့၏ ထွက်ဆိုချက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မိုင်းထောင်ဖောက်ခွဲရန် စေခိုင်းသူ ရန်နိုင်ထွဋ်(ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်(၃၇)နှစ်၊ (ဘ)ဦးခိုင်ဝင်း၊ အမှတ်(၇) ဘုရင့်နောင်လမ်း၊ ဆရာစံ(မြောက်/ရှေ့)ရပ်ကွက်နေသူနှင့် အကြမ်းဖက်သမားများအား နေအိမ်စီစဉ်ပေးခြင်း၊ လက်နက်ခဲယမ်းသိမ်းဆည်းပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးသူ ထွန်းနိုင်စိုး(ခ)ဘီးကျဲ(၄၂)နှစ်၊ (ဘ)ဦးစိုးဝင်း၊ အမှတ်(၁၃၇/က)၊ နန္ဒသူရိန်လမ်း၊ (၁၄)ရပ်ကွက်၊ ရွှေပေါက္ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ နှစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီး၊ Toyota Terminal M Shopping Mall အနီးတွင် ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်မှုများ ကျူးလွန်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများ သယ်ယူထောက်ပံ့ ပို့ဆောင်သူများဖြစ်ကြသည့် အမှတ်(၁၀၈) ဝိဇ္ဇာ(၃)လမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေ မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တရုတ်လေး(၂၄)နှစ်(ဘ)ဦးသန့်ဇင်လင်းနှင့် အောင်နိုင်ဝင်း(ခ)ကိုဖြိုး(၂၃)နှစ်(ဘ)ဦးမြင့်ရွှေတို့ နှစ်ဦးအား မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ပိတောက်(၃)လမ်း၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ အမှတ်(၂၁၆)ဂိုဒေါင်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ ဇန်နဝါရီ ၄ ရက် နံနက် ၁ နာရီ ၅၀ မိနစ်တွင် ဧပရယ်မိုးနိုင်(ခ)သီရိ(ခ)ဘေဘေ(၂၀)နှစ်၊ (ဘ)ဦးသန့်ဇင်လင်း၊ အမှတ်(၁၀၈)၊ ဝိဇ္ဇာ(၃)လမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေသူအား ၎င်း၏နေအိမ်တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများဖြစ်ကြသည့် ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်းတို့ သုံးဦး၏ ထွက်ဆိုချက်များအရ ၎င်းတို့ သုံးဦးသည် မင်းစံ(ခ)မျိုးဦး(ဖမ်းမမိ)နှင့် ပဲခူးမြို့နေ ကိုထွန်း(ဖမ်းမမိ)တို့ နှစ်ဦးနှင့်အတူ ရန်နောင်ထွဋ် (ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်နှင့် မသက်(ဖမ်းမမိ)တို့၏ စီစဉ်စေခိုင်းမှုဖြင့် မိုင်းထောင်ဖောက်ခွဲမှု ကျူးလွန်ခဲ့ကြကြောင်း ပေါ်ပေါက်ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် YGN-30 9F-XXXX Honda Fit မော်တော်ယာဉ်အား တရားခံ တင်ဝင်းလှိုင် (ခ)အငယ်လေးမှ စတစ်ကာအနက်ရောင်ကပ်ကာ ရုပ်ဖျက်ပြင်ဆင်ပေးခဲ့ကြောင်း၊ ဖောက်ခွဲမည့်နေရာသို့ ကိုထွန်း(ဖမ်းမမိ)က မော်တော်ယာဉ်အား မောင်းနှင်ပို့ဆောင်၍ ဝင်းခန့်ကိုကို (ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊ မင်းစံ(ခ)မျိုးဦး(ဖမ်းမမိ)နှင့် မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်းတို့မှ လက်လုပ်ဗုံးများအား ချထားခဲ့ကာ မသက်(စိစစ်ဆဲ)မှ အဝေးထိန်းစနစ် အသုံးပြုဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဖောက်ခွဲရာတွင်အသုံးပြုသည့် ဖောက်ခွဲရေးပစ္စည်းများအား ရန်နောင်ထွဋ်(ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်၊ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊ မိုးစက်အောင်(ခ)ကိတ်ကိတ် (ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ)သီရိ(ခ)ဘေဘေတို့ ငါးဦးက ကြိုတင်စီစဉ် ချိတ်ဆက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် YGN-30 9F-XXXX Honda Fit အမျိုးအစား ခဲရောင်မော်တော်ယာဉ်အား သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျသည် ကိုဇွဲ(ဖမ်းမမိ)၊ မစု(ဖမ်းမမိ)၊ ဆန္ဒ(ဖမ်းမမိ)နှင့် ဒဿ(ဖမ်းမမိ)တို့ လေးဦးနှင့်အတူ မော်တော်ယာဉ်ဖြင့် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အောင်ဆန်းဈေးရှေ့ရှိ လမ်းဘေးအသုပ်ဆိုင်အနီးသို့ သွားရောက်ကာ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ) ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျမှ အသုပ်ဆိုင်တွင်ထိုင်နေသည့် ရာအိမ်မှူး ဦးဇော်မင်းထွန်း(၅၂)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
အလားတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းတွင်လည်း တရားခံ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်းတို့သည် မသက်(ဖမ်းမမိ)၊ ဆန္ဒ(ဖမ်းမမိ)၊ ဒဿ(ဖမ်းမမိ)တို့နှင့် ပူးပေါင်း၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းနှင့် ရွှေဝတ်မှုံလမ်းဆုံ၌ အမှတ်(၁၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဦးနှင့် ဇနီးတို့အား ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ နေအိမ်မှ ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် Sigsauer အမျိုးအစား အနက်ရောင်ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9 mm Luger ကျည် ၁၅ တောင့်၊ Golock အမျိုးအစား အနက်ရောင်ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ 9 mm ပွိုင့် ၃၈၀ ကျည် ၁၅၃ တောင့်၊ လက်ပစ်ဗုံး တစ်လုံး၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် နံပါတ်အတုတပ်ဆင်အသုံးပြုသော Toyota Fielder အမျိုးအစား အဖြူရောင်မော်တော်ယာဉ် တစ်စီးတို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်အရ ဝင်းခန့်ကိုကို(ခ) ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၏ဇနီး မသင်းပွင့်စံ(ဖမ်းမမိ) နေထိုင်သည့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း၊ “မိဘဂုဏ်ရည်” အဆောင်၊ အခန်းအမှတ်(၃)သို့ ဆက်လက်ရှာဖွေခဲ့ရာ အခန်းအတွင်းရှိ အိပ်ရာအနီးမှ CZ 75D A 134321 စာတမ်းပါ အနက်ရောင်ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည်အိမ် လေးခု၊ 9 mm Luger ကျည် ငါးတောင့်၊ Thai Arms ကျည် လေးတောင့်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၏ ထွက်ဆိုချက်အရ ၎င်းတို့ အကြမ်းဖက်အဖွဲ့ဝင်ဖြစ်သည့် မင်းစံ(ခ)မျိုးဦး(ဖမ်းမမိ)နေထိုင်သည့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ချောင်းဦးလမ်း၊ အမှတ်(၃၃၃/က)နေအိမ်မှ အနက်ရောင် ၇၉ ဗုံးပစ်လောင်ချာ နှစ်လက်၊ အနက်ရောင် M 16 မောင်းပြန်ရိုင်ဖယ် သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၄ဝ မမကျည် ငါးတောင့်၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆားကစ်ပြား ၅ဝဝ ခု၊ နီ/နက်အရောင် အဖွင့်အပိတ်ခလုတ် ၁ဝဝ ခု၊ Panasonic စာတမ်းပါ ဓာတ်ခဲခြောက် ၁ဝ လုံးစီပါ စက္ကူဖာ ၃ဝ ဖာ၊ PVC စာတမ်းပါ ဝိုင်ယာကြိုးခွေ ငါးခွေ၊ ဝိုင်ယာကြိုးပါ ဓာတ်ခဲခြောက်နှင့်တွဲသည့် ကတ်သီး ၃ဝဝ ခု၊ ဒီတိုနေတာ ၂ဝ ချောင်း၊ ယမ်းကြိုးခွေ တစ်ခွေ၊ မီတာထောက်ကိရိယာ နှစ်ခု၊ ကော်အရည်ဖျော် Gun တစ်ခု၊ Remote မျိုးစုံ သုံးခု၊ အပြာရောင် PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး တစ်လုံး၊ Keypad ဖုန်း နှစ်လုံး၊ ဓာတ်ခဲအားသွင်းစက် တစ်ခု၊ ဘက်ထရီစက်ဘီး အားသွင်းကြိုး တစ်စုံ၊ သံပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်ဗုံး နှစ်လုံး၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် သံတိုသံစ တစ်ဖာ၊ မီးတိပ်မျိုးစုံ ၁၇ ခွေ၊ 9 mm Thai Arms ပစ္စတိုကျည် ၉၆ တောင့်၊ 380 Auto USA-A ပစ္စတိုကျည် ၄၈ တောင့်၊ 380 Auto Thai Arms ပစ္စတိုကျည် ၁၃ တောင့်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ပြစ်မှုကျူးလွန်ခဲ့ကြသည့် ဖမ်းဆီးရမိတရားခံ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊ မိုးစက်အောင်(ခ)ကိတ်ကိတ် (ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုးတို့ သုံးဦး၏ ထွက်ဆိုချက်အရ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ပိတောက်(၃)လမ်း၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ အမှတ်(၂၁၆)ဂိုဒေါင်အတွင်း သိုဝှက်သိမ်းဆည်းထားသော လက်လုပ်ရှော့တိုက်ဒုံးများ ပြုလုပ်ရာတွင်အသုံးပြုသည့် သတ္တုပိုက် ကိုးချောင်း၊ AB ကော်ဗူး ခြောက်ဗူး၊ သတ္တုဖင်ပိတ် ကိုးခု၊ သတ္တုပြား ကိုးခု၊ သတ္တုတုံး ကိုးတုံး၊ မိုလောင်းထားသည့် ထိပ်ဖူး ကိုးခု၊ ဝိုင်ယာကြိုး အနီခွေ တစ်ခွေနှင့် ဝါရှာကွင်း ၃၀ ကွင်းတို့ကိုလည်းကောင်း။
မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တရုတ်လေး၊ ဧပရယ်မိုးနိုင်(ခ)သီရိ(ခ)ဘေဘေတို့ နှစ်ဦး၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ ဝိဇ္ဇာ(၃)လမ်း၊ အိမ်အမှတ်(၁၀၈)တွင် သိုဝှက်သိမ်းဆည်းထားသော လက်လုပ်ရှော့တိုက်ဒုံးများ ပြုလုပ်ရာတွင်အသုံးပြုသည့် ယမ်းတုံးမျိုးစုံ ၃၆ တုံး၊ လက်လုပ်ရှော့တိုက်ဒုံး ဒလက်/အမြှီး ၃၆ ခု၊ သတ္တု/သံအဝိုင်းပြား ၁၈ ပြား၊ Receiver ၁၀ ခု၊ ရီမု တစ်ခု၊ ဓာတ်ခဲ ရှစ်လုံး၊ လက်လုပ်ရှော့တိုက်ဒုံးထိပ်ဖူးစနက် ကိုးခု၊ လျှပ်စစ်ဒီတိုနေတာ နှစ်ချောင်း၊ ခလုတ် လေးခု၊ Audio ဂျက်ပင်ခေါင်း ငါးခု၊ လက်လုပ်မိုင်းသံကိုယ်ထည် ခြောက်ခု၊ လေးလက်မပိုက်အတွင်း သံမှိုများ ထည့်ထားသည့် လက်လုပ်မိုင်းကိုယ်ထည် သုံးခု၊ Wifi နှင့် Camera တပ်ဆင်ထားသည့် Receiver တစ်ခုတို့ကိုလည်းကောင်း အသီးသီးထပ်မံသိမ်းဆည်းရမိခဲ့သည်။
ဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုနှင့် အကြမ်းဖက်လုပ်ကြံပစ်ခတ်မှုများ ကျူးလွန်ခဲ့သူများဖြစ်ကြသည့် ရန်နောင်ထွဋ်(ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်၊ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊ မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တရုတ်လေး၊ အောင်နိုင်ဝင်း(ခ)ကိုဖြိုး၊ ဧပရယ်မိုးနိုင်(ခ)သီရိ(ခ)ဘေဘေ၊ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊ တင်ဝင်းလှိုင်(ခ)အငယ်လေးနှင့် မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်းတို့ ရှစ်ဦးအား ပြစ်မှုများကျူးလွန်စဉ် အသုံးပြုခဲ့သည့် မော်တော်ယာဉ် နှစ်စီး၊ လက်နက်မျိုးစုံ ခြောက်လက်နှင့် ခဲယမ်းများ၊ အကြမ်းဖက်ဖောက်ခွဲမှုနှင့် လက်လုပ်ရှော့တိုက်ဒုံးများ ပြုလုပ်ရန်ပြင်ဆင်ထားသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတိုင်း ထိရောက်စွာ အရေးယူနိုင်ရေး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ အကြမ်းဖက်မှု ပြုလုပ်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဖမ်းဆီးရန်ကျန်တရားခံများအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ
တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား (ဝဲမှယာ) တရားခံ
မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်း၊ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊
တင်ဝင်းလှိုင်(ခ)အငယ်လေးတို့အား ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊
ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။
တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမား (ဝဲမှယာ) တရားခံ
မျိုးမြင့်(ခ)ခြူးလေး(ခ)ဂျိမ်း၊ ဝင်းခန့်ကိုကို(ခ)ငှက်ကလေး(ခ)ရှိုင်းဝဏ္ဏ(ခ)အောင်ဇေယျ၊
တင်ဝင်းလှိုင်(ခ)အငယ်လေးတို့အား ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊
ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။

အကြမ်းဖက်မှုဖောက်ခွဲမှုပြုလုပ်ရန် စေခိုင်းသူ၊ လက်နက်ခဲယမ်းများသိမ်းဆည်းပေး၍ ငွေကြေး
ထောက်ပံ့ပေးသူနှင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ထောက်ပံ့ပေးသူများဖြစ်ကြသည့်
(ဝဲမှယာ) တရားခံ ရန်နောင်ထွဋ်(ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်၊ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊
အောင်နိုင်ဝင်း(ခ)ကိုဖြိုး၊ မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တရုတ်လေး၊
ဧပရယ်မိုးနိုင်(ခ)သီရိ(ခ)ဘေဘေ တို့၏ မှတ်တမ်းဓာတ်ပုံ။
ထောက်ပံ့ပေးသူနှင့် လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ထောက်ပံ့ပေးသူများဖြစ်ကြသည့်
(ဝဲမှယာ) တရားခံ ရန်နောင်ထွဋ်(ခ)လူစီဖာ(ခ)ရဲရင့်(ခ)လရောင်၊ ထွန်းနိုင်စိုး(ခ)ဘီးကျဲ၊
အောင်နိုင်ဝင်း(ခ)ကိုဖြိုး၊ မိုးစက်အောင်(ခ)ကိတ်ကိတ်(ခ)တရုတ်လေး၊
ဧပရယ်မိုးနိုင်(ခ)သီရိ(ခ)ဘေဘေ တို့၏ မှတ်တမ်းဓာတ်ပုံ။

သိမ်းဆည်းရမိသည့် မော်တော်ယာဉ်များ၊ လက်နက်ခဲယမ်းများနှင့် လက်လုပ်ရှော့တိုက်ဒုံးများ
ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံ။
ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၏ မှတ်တမ်းဓာတ်ပုံ။