Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ နေအိမ် မီးလောင်မှု

 
     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် နံနက် ၄ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၈)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ ပိုင်ရှင်ဒေါ်ခင်မြင့်၏ ၂၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် ရေခဲသေတ္တာဖွင့်ထားစဉ် ရေခဲသေတ္တာမော်တာဂျန့်ဖြစ်ပြီး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်  ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ် လူနေအိမ် တစ်လုံး၊ ရေခဲသေတ္တာ တစ်လုံးနှင့် အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်၏သမီးဖြစ်သူ ဒေါ်သက်မာကျော့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။