Language: Myanmar English

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ ပိုင်ရှင် ဦးလင်းကိုကို၏ ၂၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ခြေတိုင်ရှည်လူနေအိမ်တွင် ဆိုလာနှင့်ချိတ်ဆက်ထားသော ဘက်ထရီအိုး အပူလွန်ကဲပြီး အနီးရှိ ဆိုဖာနှင့် အဝတ်အစားများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀x၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ ခြေတိုင်ရှည် လူနေအိမ် တစ်လုံးနှင့် ၎င်းနေအိမ်ရှေ့ရှိ ၁၀x၁၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာဆိုင်ခန်း တစ်ခန်း၊ ၂၀x၅၀ ပေ၊ အုတ်ညှပ်နှစ်ထပ်အဆောက်အအုံ၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးလင်းကိုကိုအား မြဝတီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။