Language: Myanmar English

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ (၅)ရပ်ကွက်၊ ဦးဆုတ်ရပ်၊ နောင်ခေ့လမ်းရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက် နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ (၅)ရပ်ကွက်၊ ဦးဆုတ်ရပ်၊ နောင်ခေ့လမ်းရှိ ပိုင်ရှင် ဦးအောင်နိုင်၏ ၄၀x၆၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် ဖုန်းအားသွင်းထားရာမှ  အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်မီးသတ်စခန်းနှင့် ကျိုင်းတုံမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခုနစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် အမျိုးသား တစ်ဦး (မီးလောင်သေဆုံး)၊ ၄၀x၆၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်နိုင် (သေဆုံး)အား ကျိုင်းတုံမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။