Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/၀)၊ ကျောက်ပုံကျေးရွာအနီး ခရီးသည်တင်ယာဉ် တစ်စီး မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်း၊ မိုင်တိုင်အမှတ်(၄၁/၀)၊ ကျောက်ပုံကျေးရွာအနီးတွင် ကျောက်ပန်းတောင်းမှ နေပြည်တော်သို့ ယာဉ်မောင်း ဦးရဲမင်းစိုး မောင်းနှင်ပြီး ယာဉ်နောက်လိုက် တစ်ဦးနှင့် ခရီးသည် ၁၂ ဦး စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် MPW-5 7K/XXXX HYUNDAI CITY BUS အမျိုးအစား “တော်ဝင်” ခရီးသည်တင်ယာဉ်သည် ကားနောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းနှင့် လက်ပံပျားနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် မော်တော်ယာဉ်နှင့် ယာဉ်ပေါ်ပါပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးရဲမင်းစိုးအား လက်ပံပျားရဲကင်းစခန်းမှ အမှုဖွင့်အရေးယူထားပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။