Language: Myanmar English

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်းရှိ တံတားအမှတ်(၁/၁၁)အား လက်နက်ကိုင်အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် ဒေသအတွင်း လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်၍ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုများအား လုပ်ဆောင်လျက်ရှိသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရင်းအုံကျေးရွာအနီး ဘီးလင်း-နတ်ကြီး-ဖာပွန်သွားကားလမ်း မိုင် တိုင်အမှတ် ၁၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားရှိ တံတားအမှတ်(၁/၁၁)အား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ သံကူကွန်ကရစ်တံတားအမျိုးအစား အလျား ၅၀ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၁၂ ပေရှိ နယ်ခြားချောင်းတံတားတွင် တံတားကြမ်းခင်း အရှည် ၃၀ ပေခန့် ပွင့်ထွက်၍ တံတားပေါင်လက်ရန်းတန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ် သန်းသွားလာ၍မရကြောင်း သိရသည်။
     အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသည့် တံတားအား ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။