မန္တလေးဗဟိုအကျဉ်းထောင်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အဘိဓမ္မာတက္ကသိုလ် ပါမောက္ခချုပ်၊ ရွှေကျင်နိကာယဥပဥက္ကဋ္ဌ၊ မဟာနာယက ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသမှ အကျဉ်းထောင်အတွင်းရှိ မောင်းထောင်ခန်းမသို့ ကြွရောက်ပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်း၊ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်မောင်၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၊ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးခင်ရွှေ၊ မန္တလေးဗဟိုအကျဉ်းထောင်ရှိ ဒုတိယတာဝန်ခံအရာရှိများ၊ အကျဉ်းထောင်ဆေးရုံအုပ်နှင့် အကျဉ်းထောင်အရာထမ်း/ အမှုထမ်းများ၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများ စုစုပေါင်း ၇၂၆ ဦးတို့မှ ကိုးပါးသီလဆောက်တည်ခြင်း၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ အိပ်ဆောင်များရှိ TV Channel လိုင်းများတွင် ဆရာတော်ကြီး၏ တရားတော်များအား တိုက်ရိုက်ထုတ်လွှင့်ပြသ၍ တရားနာကြားစေခြင်း၊ ဝန်ထမ်းများနှင့် အကျဉ်းသား/အချုပ်သားများမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ပြီး ဆရာတော်ကြီးမှ “အတ္တသမ္မာပဏီဓိမင်္ဂလာ” မိမိကိုယ်ကိုကောင်းအောင် ပြုပြင်နေ ထိုင်ခြင်းတရားတော်၊ သမထ၊ ဝိပဿနာတရားတို့အား မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်ရန် ဟောကြားတော်မူခြင်း၊ ရေစက်ချတရားနာယူခြင်းများကို နံနက် ၉ နာရီ ၄၅ မိနစ်ထိ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးမှ လှူဒါန်းထားသော ဝတ္ထုငွေများကို အကျဉ်းသား/သူ၊ အချုပ်သား/သူများအား ဖြည့်စွက်ဟင်းလျာကျွေးမွေးရန် ပြန်လည်ပေးအပ်ခဲ့ပြီး နံနက် ၁၀ နာရီတွင် အကျဉ်းထောင်မှ ပြန်လည်ကြွချီ ထွက်ခွာသွားခဲ့ပါကြောင်း သတင်းရရှိပါသည်။
အဘိဓမ္မာတက္ကသိုလ်ပါမောက္ခချုပ်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်၊ ပညာဘူမိတက္ကသိုလ်
သဘာပတိ၊ ရွှေကျင်နိကာယဥပဥက္ကဌ၊ မဟာနာယက ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
ဆရာတော်ကြီးမှ ဓမ္မသဘင်အထူးတရားပွဲ ပြုလုပ်ပေးနေမှု မှတ်တမ်းဓာတ်ပုံ။
အိပ်ဆောင်များအလိုက် ဓမ္မသဘင်အထူးတရားပွဲ တိုက်ရိုက်ထုတ်လွှင့်ပေးနေမှုအား
အကျဉ်းသား/အချုပ်သားများမှ တရားနာယူနေမှု မှတ်တမ်းဓာတ်ပုံ။