အင်းစိန်ဗဟိုအကျဉ်းထောင်၌ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် (၆၅၉)ကြိမ်မြောက် အပတ်စဉ်တရားပွဲကျင်းပပြုလုပ်ခဲ့ရာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်ဆရာတော်ကြီးမှ ကြွရောက်တရားဟောကြားပေးခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလွင်မောင်၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း(အင်းစိန်)မှ ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ ဒုတိယတာဝန်ခံအရာရှိများ၊ အကျဉ်းထောင်ဆေးရုံအုပ်နှင့် အကျဉ်းထောင်အရာထမ်း/အမှုထမ်းများ၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများ စုစုပေါင်းအင်အား ၇၅၀ ဦးတို့မှ ငါးပါးသီလဆောက်တည်ခြင်း၊ အကျဉ်းသား/သူ၊ အချုပ်သား/သူများ၏ အိပ်ဆောင်များရှိ TV Channel လိုင်းများတွင်လည်း ဆရာတော်ကြီး၏ တရားတော်များအား တိုက်ရိုက်ထုတ်လွှင့်ပြသ၍ တရားနာကြားစေခြင်း၊ ဝန်ထမ်းများနှင့် အကျဉ်းသား/အချုပ်သားများမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ပြီး ဆရာတော်ကြီးမှ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကို အကြောင်းပြု၍ လောကီလောကုတ္တရာနှစ်ဖြာ အကျိုးရရှိစေခြင်းနှင့် လောဘ၊ ဒေါသ၊ မောဟ ကင်းစင်စေခြင်းအလို့ငှာ “နေ့စဉ်ဝိပဿနာတရားရှုမှတ်နည်း” တရားတို့အား မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ရန် ဟောကြားတော်မူခြင်း၊ ရေစက်ချတရားနာယူခြင်းများကို နံနက် ၁၀ နာရီ ၅၀ မိနစ်ထိ ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးမှ အကျဉ်းသား/သူ၊ အချုပ်သား/သူများအား ဒံပေါက်၊ အအေး၊ မုန့်နှင့် ခြုံစောင်များကို ပေးဝေလှူဒါန်းခဲ့ပြီး မွန်းတည့် ၁၂ နာရီတွင် အကျဉ်းထောင်မှ ပြန်လည်ကြွချီ ထွက်ခွာသွားခဲ့ပါကြောင်း သတင်းရရှိပါသည်။
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဦးစီးပဓာန နာယက ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်ဆရာတော်ကြီးမှ
ဓမ္မသဘင်အထူးတရားပွဲ ပြုလုပ်ပေးနေသည့် မှတ်တမ်းဓာတ်ပုံ။
သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာ ဦးစီးပဓာန နာယကဆရာတော်
ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်ဆရာတော်ကြီးမှ
ဓမ္မသဘင်အထူးတရားပွဲ ပြုလုပ်ပေးနေသည့် မှတ်တမ်းဓာတ်ပုံ။