၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ဆင်ဖြူရှင်လမ်းထောင့်ရှိ ပိုင်ရှင် ဒေါ်ဥမ္မာလင်း၏ “တော်ဝင်နှင်းဆီ” အဆင့်မြင့်တည်းခိုခန်းနှင့် “မိသားစု” ကာရာအိုကေ ၂၀ x ၆၀ ပေ၊ RC လေးထပ် အဆောက်အအုံရှိ ပထမထပ်(ဝဲဘက်) ၁၅ x ၁၅ ပေ၊ ကာရာအိုကေခန်းတွင် အဲကွန်း Safe Guard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒလမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၆ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၁၅ ပေ၊ ကာရာအိုကေခန်းအတွင်းရှိ လျှပ်စစ်ဝိုင်ယာကြိုးများ၊ ဆိုဖာ တစ်စုံနှင့် ကာရာအိုကေစက် တစ်စုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဥမ္မာလင်းအား ဒလမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။