၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၃ နာရီခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါမီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက ဆီ မီးလောင်မှုကို အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့စနစ်တကျသရုပ်ပြသခြင်း၊ ဈေးအတွင်းရှိ မီးပလပ်ခုံများ၊ မီးကြိုးများ ကြံ့ခိုင်မှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းများကို ဒေးဒရဲမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဈေးသူ/သားများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။