Language: Myanmar English

မြိတ်မြို့တွင် ငွေကျပ် သိန်း ၆,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ ကန်ဖျားလမ်းမကြီး၌ အောင်ဖြိုးသူ(ခ)ဖြိုးငယ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ကတ်ထူစက္ကူပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်ရှိ ၎င်း၏နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိခဲ့ပါသည်။
     ကွင်းဆက်အရ ဖေဖော်ဝါရီ ၃ ရက် နံနက် ၁ နာရီတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ဇော်နိုင်ဦး(ခ)ဆရာပွေးအား ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာ၌ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် အောင်ဖြိုးသူ(ခ)ဖြိုးငယ်(၃၄)နှစ်နှင့် ဇော်နိုင်ဦး(ခ)ဆရာပွေး(၃၀)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူ အောင်ဖြိုးသူ(ခ)ဖြိုးငယ်နှင့် ဇော်နိုင်ဦး(ခ)ဆရာပွေး တို့အား 
သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။