၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ မုပွန်တိုးချဲ့(၈)လမ်းရှိ ပိုင်ရှင် ဒေါ်ဝင်း၏ ၁၂ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်တွင် လျှပ်စစ်မီးဖိုအပူလွန်ကဲရာမှ ဘေးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်ခရိုင်မီးသတ်စခန်းနှင့် မော်လမြိုင်နယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၂ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်စောင့် ဦးအောင်ကျော်အား မော်လမြိုင်မြို့နယ်၊ မုပွန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။