Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ နာဘော်ခိုင်ကျေးရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း ခြောက်ဧကခန့်အားလည်းကောင်း၊ ဖားအီကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်အားလည်းကောင်း၊ ဘာထန်ကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ၌ အမြင့် နှစ်ပေခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်အားလည်းကောင်း၊ စုစုပေါင်း ဘိန်းခင်း ၁၀ ဧကခန့်အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံ။