Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)စက်မှုကွက်သစ်ရပ်ရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၇ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)စက်မှုကွက်သစ်ရပ်ရှိ ပိုင်ရှင် ဦးတိုးတိုး၊ အိမ်ငှား ဦးအောင်နေမျိုး၏ ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ နံကပ် တစ်ထပ် နေအိမ်တွင် နံရံနှင့်ကပ်လျက် ချက်ပြုတ်သည့် မီးဖိုမှတစ်ဆင့် ကာရံထားသည့် နံရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ နံကပ် တစ်ထပ် နေအိမ် တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးအောင်နေမျိုးအား ဝမ်းတွင်းမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။