Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်  တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဝေါမြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝေါမြို့နယ်၊ မှုံကတုံးကျေးရွာအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား မှုံကတုံးကျေးရွာလမ်းဆုံ၌ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့မှ ဝေါမြို့သို့ မြဝတီမြို့၊ အမှတ် (၄)ရပ်ကွက်နေ ရန်နိုင်မြင့်(ခ)စောရန်နိုင်(ခ)ကိုနိုင်(၃၉)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-44 2E/XXXX HIJET အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ရန်နိုင်မြင့်(ခ)စောရန်နိုင်(ခ)ကိုနိုင်အား ညောင်ခါးရှည်နယ်မြေရဲစခန်း (ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။