Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ်၊ ဂေါ်တောကျေးရွာ၏မြောက်ဘက်နှင့် အနောက်မြောက်ဘက်တို့မှ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့်အား ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ဂေါ်တောကျေးရွာအနီးရှိ ဘိန်းခင်း သုံးဧကခန့်အား 
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးနေမှု မှတ်တမ်းဓာတ်ပုံ။