၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် စက်သုံးဆီဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါစစ်ဆေးအကြံပေးခြင်းလုပ်ငန်းများတွင် မီးလောင်ခြင်းအကြောင်းအရင်းများနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ဆေးဘူးအသုံးပြု၍ စနစ်တကျကိုင်တွယ်ငြှိမ်းသတ်နိုင်ရေးနည်းလမ်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ အသင့်တပ်ဆင်ထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အသင့်ထားရှိမှုနည်းလမ်းများအား ညောင်ဦးခရိုင်မီးသတ်စခန်းနှင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။