Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွာသာကွက်သစ်ရှိ မီးဖိုဆောင် မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၃ နာရီ ၄၃ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရွာသာကွက်သစ်ရှိ ပိုင်ရှင် ဦးဝင်းဌေး၏ ၁၀ x ၂၄ ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ Steel Structure တစ်ထပ် မီးဖိုဆောင်တွင်ထားရှိသော ရေမော်တာ အပူလွန်ကဲပြီး လျှပ်စစ်ဝိုင်ယာကြိုးများမှတစ်ဆင့် အနီးရှိ အိမ်သုံးရန်ထားရှိသော ဒီဇယ်ပီပါသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်းဘူးခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ဂါလန် ၅၀ ပါ ဒီဇယ်ပီပါ တစ်လုံး၊ ရေမော်တာ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဝင်းဌေးအား မင်းဘူးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။