Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ဘိန်းခင်းများဖျက်ဆီး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းခတ်မြို့နယ်၊ တုံဖကော်ကျေးရွာအုပ်စု၊ ဝမ်ဘာကိုင်ကျေးရွာ၏အနောက်ဘက် နှစ်ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း နှစ်ဧကခန့်အား ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၌ ဘိန်းခင်း နှစ်ဧကခန့်အား 
ဖျက်ဆီးနေမှု မှတ်တမ်းဓာတ်ပုံ။