Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာရှိ နေအိမ်မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်သစ်ကျေးရွာတွင် အိမ်ရှင် ဦးထွန်းမြင့်၏ ၁၀ x ၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် မီးဖိုဆောင်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းနှင့် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၁၀ x ၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ် မီးဖိုဆောင် နှစ်လုံး၊ ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ နှစ်ထပ် နေအိမ် တစ်လုံး၊ ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် စပါးကျီအလွတ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးထွန်းမြင့်အား အုန်းချောနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။