၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းမြို့၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေးမြို့မှ စစ်ကိုင်းမြို့သို့ ရေဦးမြို့နယ်၊ ပုဏ္ဏကားကျေးရွာနေ ဦးအေးထွန်း(၅၅)နှစ် မောင်းနှင်လာသည့် MDY-4 7N/XXXX NISSAN AD VAN မော်တော်ယာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပလိပ်မြို့နယ်၊ ဘူတာရပ်ကွက်နေ အောင်ခင်(၅၃)နှစ် မောင်းနှင်လာသည့် MDY-16 6I/XXXX TOYOTA VITZ မော်တော်ယာဉ်တို့အား စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသောကြောင့် ၎င်းတို့ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။