၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ သံပန်းများဖြုတ်၍ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ပျဉ်းမနားမြို့နယ်၊ မြို့ရှောင်လမ်း၊ ငလိုက်ချောင်းဘေးတံတားထိပ်တွင် သံပန်းများ သယ်ယူနေကြောင်း သတင်းအရ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ မရမ်းတောင်(အထက်ရွာ)နေ အေးချမ်းမောင်(ခ)လမင်း(၂၁)နှစ်အား သံပန်း ရှစ်ချပ်နှင့်အတူ တွေ့ရှိရပြီး စစ်ဆေးချက်အရ ဘောဂသီရိကားကြီးဝင်းတောင်ဘက် အုတ်တံတိုင်းတွင် ကာရံထားသော သံပန်းများအား ဖြုတ်၍ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အေးချမ်းမောင်(ခ)လမင်းအား ရွာကောက်နယ်မြေရဲစခန်း (ပ)၁၄/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ သံပန်းများဖြုတ်၍ခိုးယူသူ
အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။