Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့၌ ပြည်သူ့ စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ချပြရှင်းလင်းဆောင်ရွက်မှု

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်‌ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပေးချပြရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း။
     အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်သည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်‌ နံနက် ၁၀ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ စက်မှုဇုန်ဧရိယာအတွင်း Yum Yum ခေါက်ဆွဲခြောက်စက်ရုံရှိ စက်ရုံလုပ်သားများအား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပေးချပြရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့ကြောင်း။
     အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်‌ မွန်းလွဲ ၁ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၃)ရပ်ကွက်၊ ဝါးတရာစက်မှုဇုန်ရှိ ALPHA BEST ဖိနပ်စက်ရုံ၌ စက်ရုံလုပ်သား အင်အား ၁၀၀ ဦးတို့အား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ Power Point ဖြင့် အသိပေးချပြရှင်းလင်းကာ စက်ရုံလုပ်သားများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင် ၁၀၀ အား ဝေငှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
 မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ 
ချပြရှင်းလင်းနေမှု မှတ်တမ်းဓာတ်ပုံ။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
 မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍
 ချပြရှင်းလင်းနေမှု မှတ်တမ်းဓာတ်ပုံ။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
 မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍
 ချပြရှင်းလင်းနေမှု မှတ်တမ်းဓာတ်ပုံ။