၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ ထရန်စဖော်မာမှ ကြေးကြိုးများ ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ သုခုမ(၆)လမ်းရှိ 11/0.4KV(200)ထရန်စဖော်မာရှိ ကြေးကြိုးများအား အမျိုးသား တစ်ဦးက ခိုးယူနေကြောင်းသတင်းအရ ဒက္ခိဏသီရိမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဇီးဖြူကုန်းကျေးရွာနေ ကျော်လင်းဦး(၂၅)နှစ်အား ထရန်စဖော်မာမှ ဖြတ်တောက်ခိုးယူထားသည့် ကြေးကြိုး ရှစ်ပေခန့်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်လင်းဦးအား ဒက္ခိဏသီရိမြို့မရဲစခန်း (ပ)၆/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၌ ထရန်စဖော်မာမှ ကြေးကြိုးများ
ဖြတ်တောက်ခိုးယူသူ အမျိုးသား တစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။