Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိပြီး အမျိုးသမီး တစ်ဦး သေဆုံး

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၈၅ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ နေပြည်တော်သို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ကျေးရွာနေ လွှမ်းစိုး(၃၅)နှစ်မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဇနီး ဒေါ်တင်ခိုင်ဝင်း(၃၉)နှစ် လိုက်ပါလာသည့် 2M/XXXX Corolla Axio မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ဒေါ်တင်ခိုင်ဝင်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ဒေါ်တင်ခိုင်ဝင်းသည် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် လွှမ်းစိုးအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ 
လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရောက်တိုက်မိမှု မှတ်တမ်းဓာတ်ပုံ။