၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် တောင်ငူမြို့နယ်၊ အလယ်မြှောင်ကျေးရွာ၊ တောင်ငူ-သံတောင်ကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တောင်ငူ)မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်မြေရဲစခန်း(တောင်ငူ)မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တောင်ငူမှ သံတောင်သို့ လေးမိုင်ကျေးရွာနေ မင်းမင်းစိုး (၄၁)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက် ယာဉ်ကြောသို့ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာနေ စောသပ်မီး(၅၅)နှစ် မောင်းနှင်လာသည့် BGO-27 B-XXXX SUZUKI CARRY DA21T Pickup ယာဉ်၏ ရှေ့ဝဲဘက်ဘန်ဘာအား ဝင်ရောက်တိုက်မိ တိမ်းမှောက်ခဲ့ပြီး မင်းမင်းစိုးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် မင်းမင်းစိုးအား အမှတ်(၃)နယ်မြေရဲစခန်း(တောင်ငူ) ယာဉ်(ပ)၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။