Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်း အကြမ်းထည်တုံးများနှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊  အမရပူရမြို့နယ်၌  တရားမဝင် သယ်ဆောင်လာသော ကျောက်စိမ်းအကြမ်းထည်တုံးများနှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ မြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအနီးရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ အမရပူရခရိုင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ်  စစ်ကိုင်းမြို့မှ မန္တလေးသို့ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်နေ  ခိုင်ဇင်ဦး(ခ)အရှည်ကြီး(၃၈)နှစ် မောင်းနှင်လာသည့် YGN-19 8K/XXXX Light Truck ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏နောက်ခန်းရှိ ပလတ်စတစ်ဆီပုံးများအတွင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ သိုဝှက်သယ်ဆောင် လာသည့် ကျောက်စိမ်းအကြမ်းထည် ၉ တုံး၊ ကျောက်စိမ်းလက်ကောက် ၇၁၀ ကွင်းတို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့်  ခိုင်ဇင်ဦး(ခ)အရှည်ကြီးအား အမရပူရမြို့မရဲစခန်း(ပ)၂၇/၂၀၂၅၊ မြန်မာ့ကျောက်မျက် ရတနာဥပဒေ ပုဒ်မ ၅၁(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအကြမ်းထည်တုံးများနှင့် ကျောက်စိမ်းလက်ကောက်များ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။