၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်ကြော်ငြာစာ အမှတ် ၃/၂၀၂၅ ဖြင့် လူမှုထူးချွန်တံဆိပ်(ပထမ)အဆင့် ချီးမြှင့်ခံရသူ ပုဂ္ဂိုလ်နှစ်ဦးအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
လူမှုထူးချွန်တံဆိပ် (ပထမ) အဆင့် ချီးမြှင့်ခံရသူများအား ချီးမြှင့်ငွေများပေးအပ်ခြင်း မှတ်တမ်းဓာတ်ပုံ။