၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၊ မြို့မအမှတ်(၁)နှင့် အမှတ်(၂)ဈေးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါမီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီ မီးလောင်မှုဖြစ်ပွားပါက အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်းအမျိုးမျိုးကို လက်တွေ့စနစ်တကျ သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပိတ်မိနေသောလူနာအား Hydraulic Tool များအသုံးပြု၍ ရှာဖွေကယ်ဆယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း၊ ဈေးအတွင်းရှိ မီးပလပ်ခုံများ၊ မီးကြိုးများ ကြံ့ခိုင်မှုရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းများကို ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးသတ်တပ်ဖွဲဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဈေးသူ/ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။