Language: Myanmar English

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်မှု 

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။ 
     အဆိုပါမီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊  ဆီ မီးလောင်မှုဖြစ်ပွားပါက အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်း အမျိုးမျိုးကို လက်တွေ့စနစ်တကျ သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဈေးအတွင်းရှိမီးပလပ်ခုံများ၊ မီးကြိုးများ ကြံ့ခိုင်မှု ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းများကို ဘုတ်ပြင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးသတ်တပ်ဖွဲဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍  ဈေးသူ/ ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။