၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်၊ နယ်မြေ (၁၁/ခ) တွင် ပိုင်ရှင် ဒေါ်တင်တင်ဝင်း၏ ၃၀ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ်တွင် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် လေးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်တင်တင်ဝင်းအား မြစ်ကြီးနားမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။