၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဟောင်လိတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆေခမ်းရပ်ကွက်အရောက်၌ ဝိန်းကျောက်ရပ်ကွက်နေ ဇော်မင်းနိုင်(ခ)ကုလား(၃၃)နှစ်အား စစ်ဆေးရာ ၎င်း၏လွယ်အိတ်အတွင်းမှ အရိုး/အသွား ၁၆ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအားလည်းကောင်း၊ ဆေခမ်းရပ်ကွက်နေ မျိုးဆွေ(ခ)အဲယားကွန်း(၄၀)နှစ်၏ လွယ်အိတ်အတွင်းမှ အရိုး/အသွား ၁၅ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအားလည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇော်မင်းနိုင်(ခ)ကုလားနှင့် မျိုးဆွေ(ခ)အဲယားကွန်းတို့အား ဟောင်လိတ်နယ်မြေရဲစခန်း၌ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အသီးသီးအမှုဖွင့် အရေး ယူထားကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ဓားဦးချွန်ကိုင်ဆောင်သူ အမျိုးသား နှစ်ဦးအား
သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။