Language: Myanmar English

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီ နေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း ၁၉၀ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ 
    အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ၂၀,၀၀ဝ ကျပ်နှုန်းဖြင့် ၁၆၇ ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ ၃,၃၄၀,၀၀၀ ကျပ် ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး ဦးဆောင်၍ အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။