Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ နေအိမ် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ပိုင်ရှင် ဒေါ်သန္တာစိန်ဝင်း၏ ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ဝါးကာ၊ ဂိုဒေါင် နှစ်ထပ် အဆောက်အအုံတွင် စောင်၊ မွေ့ယာ သိုလှောင်ထားရှိမှုကြောင့် အောင်းပူဖြစ်ပြီး အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃ မိနစ်တွင် မီးငြိမ်းခဲ့ ပါသည်။ 
    အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၁၅ ပေ၊ သွပ်မိုး၊ ဝါးကာ၊ ဂိုဒေါင် နှစ်ထပ် အဆောက်အအုံ တစ်လုံး၊ ၁၀ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်သန္တာစိန်ဝင်းအား တောင်သာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။