Language: Myanmar English

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ သူရလမ်းသွယ်ရှိ နေအိမ် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ သူရလမ်းသွယ်ရှိ ပိုင်ရှင် ဦးတင်ထွန်းစိုး၏ ၃၀ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကယားပြည်နယ်မီးသတ်ဦးစီးမှူးရုံး၊ လွိုင်ကော် ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခုနစ်စီးဖြင့် မီးငြှိမ်းသတ် ခဲ့ရာ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
    အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ ၃၀ x ၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ် တစ်လုံး၊ KENBO 125 အနက်ရောင်ဆိုင်ကယ် တစ်စီး၊ Dayang 110 အနက်ရောင်ဆိုင်ကယ် တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးတင်ထွန်းစိုးအား လွိုင်ကော်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။