Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-မင်းဘူးသွားကားလမ်း ဧရာဝတီတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မကွေးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မင်းဘူးမြို့မှ မကွေးမြို့သို့ မင်းဘူးမြို့နယ်၊ လေးအိမ်တန်းကျေးရွာနေ ဦးသိန်းမြင့်(၄၁)နှစ် မောင်းနှင်လာသည့် YGN-41 5G/XXXX CROWN မီးခိုးရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် သိန်းမြင့်အား မကွေးမြို့မရဲစခန်း(ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး
ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။